တောင်ငူမြို့က တော်ဝင်ဆီဆိုင်အတွက် ဆိုလာ တစ်စုံစာ

တောင်ငူမြို့က တော်ဝင်ဆီဆိုင်အတွက် ဆိုလာ တစ်စုံစာ
တောင်ငူမြို့က Customer တွေကပါ တောင်းဆိုလာတာနဲ့ Hyper Energy Hybrid 3KW Pure Sine Wave တစ်စုံစာ Salpyar အဖွဲ့သားများ သွားရောက်တပ်ဆင် . . .
မီးပျက်ချိန်တွေနဲ့ မီးမရတဲ့နေရာတွေအတွက် အထူးသင့်လျော်တဲ့ Hybrid Solar Set ( Factory Solar Set ) လေးတွေက အခုနောက်ပိုင်း အဝယ်များလာကြတယ်။
ဘာလို့လဲဆိုတော့ ပုံမှန် မီးပျက်ချိန်တွေ၊ မီးမရတဲ့နေရာဒေသတွေဆိုရင် မီးစက်ကိုပဲ အများဆုံးအားကိုးကြရတယ်။
ပြဿနာက ဆီဖိုးပါ . . . ကျွန်တော်ကိုယ်တိုင်လည်း ဆိုင်ခွဲ ၄ ခုရှိတယ် အများဆုံး Computer တွေနဲ့ Lighting တွေအသုံးပြုဖို့ အရင်ကဆို မီးစက်ကိုပဲ အားကိုးနေရတယ်။
တစ်ရက် တစ်ရက်ကို ဆီဖိုးက ၂ သိန်း အထက်မှာပဲ . . .
ဒီတော့ မဖြစ်ချေဘူးဆိုပြီး ကိုယ်တိုင်လည်း ဆိုလာပစ္စည်းတွေ စတင်ရောင်းချချိန်ဆိုတော့ ကိုယ်တိုင်ပဲ တပ်ဆင်လိုက်တယ် . . .
ပထမတော့ စဉ်းစားတယ် ဆိုလာတစ်စုံစာက သိန်း ၅၀ နဲ့ ၂၀၀ ကြားမှာ ရှိတယ် . . . . စျေးများတော့မတပ်ချင်ဘူး ကိုယ်တိုင်လည်း စီးပွါးရေးသမားဆိုတော့ စျေးတွက်တွက်နေရတာပေါ့ဗျာ . . . တကယ်ကော အဆင်ပြေပါ့မလားပေါ့ . . .
ဒါပေမယ့် ဆီဖိုးတွေကလည်း တစ်လတစ်လ မနဲဆိုတော့ နောက်ဆုံး ဆိုလာစနစ်ကို တစ်ဆိုင် စမ်းတပ်ကြည့်လိုက်တယ် . . .
မထင်ထားဘူး တော်တော်လေး အဆင်ပြေသွားတယ် . . .
ဆီဖိုးလည်း အရန်အချိန်လောက်သာ မီးစက်မောင်းရတော့ ၇၅% သောဆီဖိုးတွေ လျော့ကျသွားတယ် . . .
ဒါနဲ့ ကျန်တဲ့ ဆိုင်ခွဲ ၃ ခုပါ ဆိုလာ စနစ်တွေ တပ်လိုက်တယ် . . .
ကိုယ်တိုင်လည်း သုံးလို့ အဆင်ပြေပြီဆိုမှ စျေးကွက်မှာ လိုက်လံတပ်ဆင်ရောင်းချပေးခဲ့တယ် . . .
အခုဆို ဆိုလာ တပ်ဆင်ထားတဲ့ Project ပေါင်း ၃၀၀ ကျော် အထိတပ်ဆင်ပြီးစီးခဲ့ပါပြီ . . .
မိတ်ဆွေလည်း စိတ်ဝင်စားလို့ တပ်ဆင်ချင်တယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မှာယူနိုင်သလို Messenger ကနေလည်း ဆက်သွယ်မှာယူနိုင်ပါတယ် . . .



