မီးစက်

ဆယ်ပြားစျေးမှ လူမှုကူညီရေးအသင်းသို့ မီးစက် လှူဒါန်းခြင်း

Salpyar Zay

Salpyar Group Company Limited မှ လစဉ်လှူဒါန်းမှုများ နှင့် လူထုအကျိုးပြုလုပ်ငန်းများကို တက်အားသရွေ့ပါဝင် လှူဒါန်းလျက်ရှိရာ ယခုတစ်ခါမှာလဲ

“ နာရေးအတွက် အအေးခေါင်းသုံးရန် မီးစက်တစ်လုံး“ ထပ်မံလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်ရှင်။

မန္တလေးတိုင်းဒေသကြီးရှိ “ အမရရွှေဖောင်တော် “ လူမှုကူညီရေးအသင်း မှ နားရေအတွက် အအေးခေါင်းသုံးရန် မီးမမှန်တဲ့ပြသာနာကြောင့် မီးစက်လေးကို အလှူခံခဲ့တဲ့အတွက် လှူဒါန်းဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်ရှင်။

Salpyar Group မှ ပြုလုပ်လျက်ရှိတဲ့ “ ကျန်းမာ ၊ ချမ်းသာ ၊ ဆယ်ပြားစျေး စေတနာ “ Champaign အရ လိုအပ်တဲ့နေရာများအတွက် လှူဒါန်းမှုများကို ဆက်တိုက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်ရှင်။

အခုလို “ ဆယ်ပြားစျေး“ မှ လှူဒါန်းမှုများတွင် တက်နိုင်သည့်ဘက်မှ ပါဝင်ကူညီထောက်ပံ့ခွင့်ရတဲ့အတွက်လဲ အထူးပင် ပီတိဖြစ်ပြီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်…🙇🏻‍♀️

ဒါ့အပြင် မီးပေးစနစ်နဲ့ပါတ်သတ်၍ လှူဒါန်းမှုပြုလုပ်ရန်လိုအပ်သော ပရဟိတအသင်းများ ၊ ဘုန်းကြီးကျောင်းများ နှင့် သီလရှင်ကျောင်းများရှိပါကလဲ လူကြီးမင်းတို့မှ အချက်အလက်တိကျစွာဖြင့် အလှူခံနိုင်ပါတယ်ရှင်။

Salpyar Group Company Limited ဘက်မှ သေချာစွာစိစစ်ပြီး လှုဒါန်းမှုများပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်…💁🏼‍♀️

နောက်များတွင်လဲ Salpyar Group Company Limited မှ လူထုအကျိုးပြုလုပ်ငန်းများကို တက်အားသ၍ ကူညီဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။

ယခုလို လှူဒါန်းမှုများ ပြုလုပ်နိုင်အောင် ဝယ်ယူအားပေးကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းလဲ ဤအလှူတွင်ပါဝင်ကြတဲ့အတွက် သာဓု အလှူမောဒနာ ခေါ်ဆိုနိုင်ရန် မျှဝေပေးလိုက်ရပါတယ်ရှင်…🙏🏻

Leave a Reply

Your email address will not be published. Required fields are marked *