ကျန်းမာ ၊ ချမ်းသာ ၊ ဆယ်ပြားစျေး စေတနာ Champaign

ဆယ်ပြားစျေးရဲ့ နှစ်သစ်
အလှူအဖြစ် သိန်း(၁၀၀)ကျပ်
လှူဒါန်းခြင်း
Salpyar Group Company Limited မှ “ ကျန်းမာ ၊ ချမ်းသာ ၊ ဆယ်ပြားစျေး စေတနာ Champaign “
အစီအစဉ်အရ လစဉ်လှူဒါန်းမှုများကို ပြုလုပ်လျှက်ရှိရာ
ယခုအခါမှာလဲ လူထုအကျိုးပြု လုပ်ငန်းများဖြစ်သည့် မန္တလေးတိုင်ဒေသကြီး ၊ အမရပူရမြို့နယ် တွင် အရေးပေါ်ရေသယ်ယာဉ်အသုံးပြုရန်အတွက်
ကျပ် သိန်း(၁၀၀) တိတိ ကို စေတနာသုံးတန်ပြဒါန်း၍ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်ရှင်။




ရွှေမန်တလာမြေပေါ်မှာ “ ဆယ်ပြားစျေး “ ဆိုင်သစ်ကြီး စတင်ဖွင့်လှစ်သည့် အထိမ်းအမှတ် အနေနှင့် မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူ ၊ ပြည်သားများ ၏ အရေးပေါ်ရေလိုအပ်ချက်များကို အဆင်ပြေစေရန်အတွက် ရည်ရွယ်ကာ လှူဒါန်းဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
“ မန္တလေးတိုင်းဒေသကြီး ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မှ ဥက္ကဌ ကိုလှိုင်မင်းဦးက အကူညီတောင်းခံလာတာနဲ့ ချက်ချင်းဆိုသလိုပဲ လှူဒါန်းခဲ့တာပါ “ ဆိုပြီး Salpyar Group ၏ Founder မှ ပြောကြားခဲ့ပါတယ်ရှင်။
အခုလို “ ဆယ်ပြားစျေး “ မှ ရွှေမန်းမြို့တော်ကြီးအတွက် တက်နိုင်သည့်ဘက်မှ တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီထောက်ပံ့ခွင့်ရတဲ့အတွက်လဲ အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်…
နောက်များတွင်လဲ Salpyar Group Company Limited မှ လူထုအကျိုးပြုလုပ်ငန်းများကို တက်အားသ၍ ကူညီဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။
ယခုလို လှူဒါန်းမှုများ ပြုလုပ်နိုင်အောင် ဝယ်ယူအားပေးကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းလဲ ဤအလှူတွင်ပါဝင်ကြတဲ့အတွက် သာဓု အလှူမောဒနာ ခေါ်ဆိုနိုင်ရန် မျှဝေပေးလိုက်ရပါတယ်ရှင်…