Battery

Battery များကို Inverter နှင့်တွဲဖက်ပြီး Battery Backup အနေနဲ့ အသုံးပြုလို့ရသလို ၊ Solar များနှင့်ချိတ်ဆက်ပြီး Solar System အနေဖြင့်လည်းအသုံးပြုနိုင်ပါသည်။ Battery များတွင် Acid Type, Tubular Type နှင့် Gel Type ဆိုပြီး သုံးမျိူးရှိပါသည်။လူကြီးမင်းတို့ စိတ်ကြိုက် battery အမျိုးအစားကို ရွေးချယ်၀ယ်ယူနိုင်ပါသည်။

Type Of battery

Tubular Type

Maintainence ခဏခဏ ပြန်လည်ပြုလုပ်စရာ မလိုသည့် Battery အမျိုးအစားဖြစ်ပါတယ်။ Tubular Type Battery တွေကို Solar Projects တွေမှာ အများဆုံးတွေရလေ့ရှိပါတယ်။သိုလှောင်မူအားကောင်းပြီး Battery ကုန်ကျစရိတ်ကို သက်သာစေတာကြောင့် လူကြိုက်များတဲ့ Battery အမျိုးအစားဖြစ်ပါတယ်။ 

Acid Type

Acid Type Battery အမျိူးအစားကတော့ စျေးနှုန်းချိုသာတဲ့ Battery အမျိုးအစားဖြစ်ပါတယ်။Acid များထည့်သွင်းအသုံးပြုရတဲ့ Battery အမျိုးအစားများဖြစ်သည့်အတွက်ကြောင့် ကလေးသူငယ်များနှင် လူကြီးများရှိတဲ့ အိမ်များတွင် အသုံးပြုရန် မသင့်လျော်ပါ။

Gel Type

Gel Type Battery အမျိုးအစားကတော့ Acid လဲထည့်စရာမလို ၊ Maintainence ပြုလုပ်စရာလဲ မလိုသည့်အတွက် လူကြီးမင်းများအနေနှင့် စိတ်ချလက်ချ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ကုန်ကျစရိတ်များသော်ငြားလည်း တစ်ခါဝယ်ပြီး နှစ်ရှည်အသုံးပြုနိုင်လို့ရသည့် battery  အမျိုးအစားပဲဖြစ်ပါတယ်။