Battery Backup, Inverter

Lighting မီးထွန်းဖို့အတွက်လောက်နဲ့ မီးစက်ကြီး ထနှိုး ဆီဖိုးကလဲမသက်သာ နဲ့ စိတ်ရှုပ်ခဲ့ရတဲ့အချိန်တွေဟာ ကျန်ခဲ့ပါပြီ

Lighting မီးထွန်းဖို့အတွက်လောက်နဲ့ မီးစက်ကြီး ထနှိုး ဆီဖိုးကလဲမသက်သာ နဲ့ စိတ်ရှုပ်ခဲ့ရတဲ့အချိန်တွေဟာ ကျန်ခဲ့ပါပြီ 💁🏼‍♀️

အခုချိန်မှာတော့ ကျွန်တော်ကိုယ်တိုင် အိမ်မှာရော ဆိုင််မှာပါ လျှပ်စစ်မီး ပြတ်တောက်သွားချိန်တွေအတွက် ဆီမကုန် ၊ လူမပင်ပန်းပဲ သက်သောင့်သက်သာနဲ့ လျှပ်စစ်မီးကို အသုံးပြုနိုင်တဲ့ Battery Backup System ( အရံမီးပေး စနစ် ) ကို အသုံးပြုနေတာပဲ ဖြစ်ပါတယ်။

⛔️ အရံမီးပေးစနစ်ဆိုတာဘာလဲ ?

➡️အရံမီးပေးစနစ်ဆိုတာ EPC မီးလာနေတဲ့ အချိန်တွေမှာ အလိုအလျောက် အားသွင်းပေးထားမှာဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့ မီးပျက်သွားတဲ့အချိန်တွေမှာဆိုရင် လျှပ်စစ်မီး အသုံးပြုဖို့အတွက် လျှပ်စစ်ဓာတ်အားကို ပြန်လည်ထုတ်လွှတ်ပေးတာပဲ ဖြစ်ပါတယ်။

⛔️ အရံမီးပေးစနစ်မှာ ဘာတွေပါဝင်လဲ ?

➡️ အရံမီးပေးစနစ်လို့ ခေါ်တဲ့ Battery Backup System တစ်ခုမှာဆိုရင် အင်ဗာတာ ( 1လုံး ) နှင့် အင်ဗာတာရဲ့ Volt ပါဝင်မှု အပေါ်မူတည်၍ ဘက်ထရီ ( 1လုံး / 2လုံး / 4လုံး ) တို့ကို တွဲစပ်အသုံးပြုရတာပဲ ဖြစ်ပါတယ်။

⛔️ အရံမီးပေးစနစ်ကဘာတွေသုံးလို့ရမလဲ ?

➡️ လူကြီးမင်းတို့အနေနဲ့ ရွေးချယ်ဝယ်ယူတဲ့

အင်ဗာတာနဲ့ ဘက်ထရီတို့ရဲ့ အမျိုးအစား VA/ kW / Ah တို့အပေါ် မူတည်၍ Lighting မီးထွန်းခြင်းမှအစ အဲကွန်း ၁ကောင်ခွဲအား ၊ မီးဖိုချောင်သုံး ပစ္စည်း ၊ ကွန်ပျူတာ ၊ ရေမော်တာ အစရှိတဲ့ လျှပ်စစ်ပစ္စည်းအစုံကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

✅ ကျွန်တော်တို့အတွက် မီးစက်အကြီးကြီးတွေက နေရာလဲယူတဲ့အပြင် ဆူညံမှုရော ဆီဖိုးရော မသက်သာတဲ့ အတွက် အထက်မှာ ကျွန်တော်ဖော်ပြပေးခဲ့တဲ့ Battery Backup System ( အရံမီးပေးစနစ် )ကိုသာ အသုံးပြုလိုက်မယ်ဆိုရင် –

✅ လူကြီးမင်းတို့အနေနဲ့ သွပ်မိုးပျဉ်ထောင်အိမ် ၊ တိုက်ခန်း ၊ ကွန်ဒို ၊ Special Apartment ၊

ရုံးခန်း ၊ အလုပ်ရုံ ၊ စက်ရုံ ၊ စားသောက်ဆိုင် ၊ အထည်ဆိုင် ၊ မိတ္တူဆိုင် ၊ အလှပြင်ဆိုင် အစရှိတဲ့ နေရာတိုင်းမှာ နေရာသီးသန့်ပေးစရာ မလိုပဲ ✨အရံမီးပေးစနစ် ✨ ကို အသုံးပြုလို့ရမှာပဲ ဖြစ်ပါတယ်။

✅ ဒါ့အပြင် လူလဲမပင်ပန်း ဆူညံမှုလဲမရှိ ဆီဖိုးကုန်ကျမှု ကိုလဲ သက်သာသွားစေမဲ့

Battery Backup System ( အရံမီးပေး စနစ် ) တွေဟာ အလွန်အသုံးဝင်စေတာဖြစ်တဲ့အတွက် လူကြီးမင်း တို့အနေနဲ့ ဘက်ဂျက်လဲ ပိုမိုသက်သာစေလို့ ဆောင်ထားသင့်တဲ့ System တစ်ခုပဲဖြစ်ပါတယ် 💯💯

💁🏼‍♀️ အခုလို Battery Backup System ( အရံမီးပေး စနစ် ) Set များကို ကျွန်တော်တို့ရဲ့ဆယ်ပြားစျေးမှာ Brand အမျိုးအစား စုံလင်စွာဖြင့် ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက်လဲ ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျာ။

⚡️မီးပျက်လဲ အလုပ်မပျက် ဆယ်ပြားစျေးရဲ့ Battery Backup

Leave a Reply

Your email address will not be published. Required fields are marked *