ဆယ်ပြားစျေးမှ လူမှုကူညီရေးအသင်းသို့ မီးစက် လှူဒါန်းခြင်း


Salpyar Zay
Salpyar Group Company Limited မှ လစဉ်လှူဒါန်းမှုများ နှင့် လူထုအကျိုးပြုလုပ်ငန်းများကို တက်အားသရွေ့ပါဝင် လှူဒါန်းလျက်ရှိရာ ယခုတစ်ခါမှာလဲ
“ နာရေးအတွက် အအေးခေါင်းသုံးရန် မီးစက်တစ်လုံး“ ထပ်မံလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်ရှင်။
မန္တလေးတိုင်းဒေသကြီးရှိ “ အမရရွှေဖောင်တော် “ လူမှုကူညီရေးအသင်း မှ နားရေအတွက် အအေးခေါင်းသုံးရန် မီးမမှန်တဲ့ပြသာနာကြောင့် မီးစက်လေးကို အလှူခံခဲ့တဲ့အတွက် လှူဒါန်းဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်ရှင်။
Salpyar Group မှ ပြုလုပ်လျက်ရှိတဲ့ “ ကျန်းမာ ၊ ချမ်းသာ ၊ ဆယ်ပြားစျေး စေတနာ “ Champaign အရ လိုအပ်တဲ့နေရာများအတွက် လှူဒါန်းမှုများကို ဆက်တိုက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်ရှင်။
အခုလို “ ဆယ်ပြားစျေး“ မှ လှူဒါန်းမှုများတွင် တက်နိုင်သည့်ဘက်မှ ပါဝင်ကူညီထောက်ပံ့ခွင့်ရတဲ့အတွက်လဲ အထူးပင် ပီတိဖြစ်ပြီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်…
ဒါ့အပြင် မီးပေးစနစ်နဲ့ပါတ်သတ်၍ လှူဒါန်းမှုပြုလုပ်ရန်လိုအပ်သော ပရဟိတအသင်းများ ၊ ဘုန်းကြီးကျောင်းများ နှင့် သီလရှင်ကျောင်းများရှိပါကလဲ လူကြီးမင်းတို့မှ အချက်အလက်တိကျစွာဖြင့် အလှူခံနိုင်ပါတယ်ရှင်။
Salpyar Group Company Limited ဘက်မှ သေချာစွာစိစစ်ပြီး လှုဒါန်းမှုများပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်…
နောက်များတွင်လဲ Salpyar Group Company Limited မှ လူထုအကျိုးပြုလုပ်ငန်းများကို တက်အားသ၍ ကူညီဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။
ယခုလို လှူဒါန်းမှုများ ပြုလုပ်နိုင်အောင် ဝယ်ယူအားပေးကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းလဲ ဤအလှူတွင်ပါဝင်ကြတဲ့အတွက် သာဓု အလှူမောဒနာ ခေါ်ဆိုနိုင်ရန် မျှဝေပေးလိုက်ရပါတယ်ရှင်…
